Love reaction ပေးတာကို တချို့တွေက
ဘယ်လို အဓိပ္ပာယ်ကောက်ကြသလဲ မသိဘူးခင်ဗျ...
ကိုယ်ကတော့ love reaction ပေးတာ အတွက်
ဘာကန့်သတ်ချက်မှ မထား ထားဘူး...
Love ပေးချင်တဲ့စိတ်ရှိရင် ပေးချလိုက်တာပဲ
ထင်ချင်သလိုသာထင်...
ရည်းစားရှိတဲ့ ကောင်မလေးလည်း love ပေးတာပဲ
ယောက်ျားအချင်းချင်းလည်း love ပေးတာပဲ...
ကိုယ် love ပေးတယ်ဆိုတာက ရှင်းရှင်းလေးရယ်
Like ထက်ကို ပိုပေးချင်လို့၊ ပိုသဘောကျလို့၊ ပိုချစ်လို့...
ဒီနေရာမှာ ချစ်လို့ဆိုတာက ပြဿနာတက်တာ
ကိုယ်ဆိုလိုတဲ့ ချစ်လို့ဆိုတာက ဟိုဇယား မဟုတ်...
ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် သူတင်လိုက်တဲ့ ပုံလေးတစ်ပုံ
စာလေးတစ်ကြောင်းကို သဘောကျလို့ ချစ်သွားတာမျိုး...
ဆိုလိုတာက ကိုယ်ပေးတဲ့ love သည် လူကိုမဟုတ်
သူတင်တဲ့ ပုံနဲ့ စာ အပေါ်မှာသာ ခံစားပြီးပေးတာ...
ကိုယ်သဘောကျသွားတဲ့ပုံဆိုရင် လှလှ မလှလှ
Love ပေးလိုက်တာပဲ...
ဒီလိုပဲ ကိုယ်တကယ်ကြွေသွားတဲ့ status ဆိုလည်း
Love ပေးလိုက်တာပဲ...
ပေါ့ပေါ့ပါးပါးပဲ၊ သို့သော် အခြောက်တိုက်ကြီးတော့
အားအားယားယား love တွေ ထိုင် မပေးဘူးပေါ့...
ကိုယ့်ကို လာပေးကြတဲ့ love တွေဆိုရင်လည်း
အဲ့ဒီလိုပဲ သဘောထားတယ်၊ ခံယူထားတယ်၊ ရိုးရိုးလေး...
ဘယ့်နှယ် အခုတော့ တချို့က love ပေးတာကိုပဲ
ရေးကြီးခွင်ကျယ်တွေ လုပ်နေကြတာ...
Love ပေးလိုက်တဲ့သူကပဲ အပေးခံရတဲ့သူကို
ကြောင်ချင်တာလိုလို၊ ရေလာမြောင်းပေးနေတာလိုလို...
ကောင်မလေးကို သွားပေးလည်း တမျိုးထင်လိုထင်
ယောက်ျားအချင်းချင်းပေးမိလည်း ဟိုမိုပြောလိုပြောနဲ့...
တခါတလေ တချို့တွေဟာ 18+ နဲ့ love reaction ကို
ကောင်းကောင်းတောင် မကွဲပြားကြတော့ သလိုပဲ...
Love ပေးရင်ပဲ တစ်ခုခုတော့ တစ်ခုခုဆိုတာမျိုး
Love ပေးရင်ပဲ ဇာတ်လမ်းကတော့ စနေပြီ ဆိုတာမျိုး...
အင်း...တစ်ခုတော့ရှိတယ်
Love ကို နှိပ်သမျှ လူတိုင်းကိုတော့ ရိုးသားပါတယ်လို့
မပြောလိုပါဘူး၊ ရှိမှာပေါ့ သူ့ဇာတ်လမ်းနဲ့သူတော့...
သို့သော် အများအားဖြင့်တော့ ရိုးရိုးသားသားကို
ဆန်းဆန်းပြားပြားတွေ လျှောက်တွေးပြီး
ဇာချဲ့မနေစေချင်ပါဘူး...
Like ထက်ကို ပိုကြိုက်မိလို့ Love ပေးသွားတယ်
ကဲ...တော်ပြီပေါ့ ဒီလောက်ဆို..
နော်

ဒါပါပဲ
ဘာကြောင့် Love react ပေးတက်ကြလံ ဆိုတာ
Reviewed by Unknown
on
2:21 PM
Rating:
No comments: