ကလော ခရီးလေးက သာယာလိုက်တာဗျာ

သာယာလှပါ့တဲ့ ကလော ခရီးစဥင်္လေး အကြောငါးပြောပြမယ်

ကလော ခရီးစဉ်လေး သွားဖို့ စီစဉ်ထားတယ်ပေါ့နော် ၁ ည အိပ် ၂ရက်ခရီးလေးပါ
၃၁.၅.၂၀၁၈ ညကားနဲ့ သွား ၂.၆.၂၀၁၈ ည ပြန်လာမှာပါ
 ကိုယ်က ဘတ်ဂျက်ကြည့်တဲ့သူဆိုတော့
ကားကိုတော့ Famous ရိုးရိုးကားနဲ့ သွားဖို့ လက်မှတ်ဖြတ်ထားပါတယ် တစ်ယောက်မှ ၁၂၀၀၀ ဆိုတော့ သွားပြန်ဆို ၂၄၀၀၀ ဘဲ ကျတယ်လို့
 Imformation လိုက်စုံစမ်းထားတာလေးတွေကိုလဲ ပြောပြပေးချင်ပါတယ်
တည်းခိုဖို့ကိုတော့လူက ၆ယောက်ဖြစ်တာရယ် အေးဆေးနေချင်တာကြောင့် online ပေါ်လိုက်ရှာရင်းတွေ့ခဲ့တာကတော့ ကလော 225 House လေးပါ တစ်ညကို ၈၀၀၀၀ဆိုတော့ တယောက်မှ
၁၃၀၀၀ လောက်ဘဲကျသင့်မှာပါ ကိုယ်တွေကိုတော့ ဈေးလျော့ထားပေးသေးပါတယ် မိုးရာသီစီစဉ်ဆိုတော့




















  🌟 🌟 🌟ကလော -225  🌟 🌟 🌟

 လုံးချင်းအိမ်လေးဖြစ်ပြီး
သာယာလှပတဲ့ကလောမြို့လေးမှာလာရောက်အပန်းဖြေသူများအတွက်စိတ်ချမ်းသာစွာအနားယူနိုင်မယ့်နေရာလေးတခုဖြစ်ပါတယ် 🏡

 🌳အိမ်လေးမှာ Master bedroom shower(ရေပူရေအေး) toilet ပါပြီးသား အခန်း၃ခန်း ပါဝင်ပြီးhotel ပုံစံအတိုင်းပြင်ဆင်ထားပါတယ်  🌳

 🌸ဧည့်ခန်းမှာတော့ 42" satellite TV ကြည့်လို့ရအောင်စီစဉ်ထားပြီး ထမင်းစားခန်းလေးကိုလဲသဘာဝကျွန်းခုံလေးတွေနဲ့လုပ်ထားပါတယ် 🌸

 🍷ရာသီဥတုအေးအေးလေးနဲ့ လိုက်ဖက်မယ့်mini bar လည်းရှိပါသေးတယ်။ 🍻

  🌲အပေါ်ထပ်အိပ်ခန်းကမြင်ရတဲ့ထင်းရှူးပင်တွေနဲ့တောင်တန်းတွေကပန်းချီကားထားစရာမလိုအောင် စိတ်အေးချမ်းစေပါတယ်။ 🌲
် 🌷ခြံထဲမှာလဲပန်းလေးတွေစိုက်ထားလို့ photo လှလှလေးလဲရိုက်လို့ရတာပေါ့နော်  🌷

 🌻အားသားချက်တခုက ကလောtrackking လမ်းကြောင်းမှာဆိုတော့ tracking သွားချင်သူတွေအတွက် အဆင်ပြေတာပေါ့။
  🌻ခြံဝန်းကျယ်မှာလုံလောက်တဲ့ car parking လဲရှိပါတယ် ။

 🍲 ☕ခြဲံထဲမှာလည်း စားသောက်ဆိုင်လေးပါ တွဲဖွင့်ထားလို့ အစားအသောက် အတွက်လည်းအဆင်ပြေမှာပါ ။
 👪မိသားစု ၈ ဦး ထိ ချောင်ချောင်ချိချိ တည်းခိုနေနိုင်ပါတယ်။

ဈေူနှုန်းကတော့ 80000 per day ဆိုတော့ တယောက်ကို 10000 လောက် ဘဲကျသင့်မှာပါ။ 🙋

 👉ခြံဝန်းကျယ်နှင့်လုံးချင်းအိမ်တလုံးလုံးကိုမိသားစု/အဖွဲ့တဖွဲ့သာသီးသန့်ဌါးရမ်းပေးခြင်းဖြစ်ပါသည် 👈


 ☺09444788802
     0944478880
  တစ်ခုလေးပါဘဲ သွားတိုက်တံသွားတိုက်ဆေး မပေးပါဘူး
ဒါလေးတော့ယူသွားဖို့မမေ့နဲ့နော်  သဘောအရမ်းကောင်းတဲ့ မမ က လူ၆ယောက်ဘဲမို့ဈေးလေးလျော့တင်းလုပ်ပေးလို့ တစ်ယောက်မှ ၁၂၀၀၀ လောက်ဘဲကျတယ်လို့
ကျေးဇူးပါ မမ Thinzar

ကလောမှာ စားသောက်ဖို့ နေရာလေးတွေကတော့

7 Sister ဒေသစာကိုပဲ စားချင်သူတွေအတွက် ကောင်းတဲ့နေရာလေးပါ..
.Everest Nepalese Restaurant အိန္ဒိယအစားအသောက်ကြိုက်သူတွေအတွက်  ပါ
.ခိုင်သဇင်ဟင်းထုပ် ငါးထမင်းနယ် တို့ ကောင်းပါတယ်
Sky Grill အကင်အဝစားဘူဖေး.
Cafe Kalawအေးအေးဆေးဆေး ကော်ဖီသောက်လို့ရတယ်
.New Simple Life Cafe.. ကော်ဖီဆိုင်လေး
 Red House ဝိုင်သောက် ဘားထိုင်ချင်သူတွေ.တွက်တဲ့
ကလောဈေးထဲက ရှမ်းအစားအစာတွေ အရမ်းကောင်းဆိုလားဘဲ
ကိုယ်လဲမသွားရသေးတော့ရှာတွေ့မိတာလေး ပြောပြတာ
ဒါလေးကတော့
Kalaw Traveller Groupကနေ မိုးရာသီအကြို အတွက် အထူးခရီးစဉ်လေးတစ်ခုပါတဲ့
 လာရောက်မည့် ဧည့်သည်တော်တွေအတွက် လည်းအဆင်ပြေစေမဲ့ဈေးနှုန်း ဖစ်အောင် ဖန်တီးထားပါတယ်ဗျ အစီစဉ်ကတော့ Trekking သွားချင်သူတွေအတွက်ရယ် kalaw sight-seeing နဲ့ ရွာငံ မိန်းမရဲတောင် -ရေပြာကန်- တောကျယ်ရေတံခွန် -ပင်းတယ သွားချင်တဲ့ဧည့်သည်တော်တွေကော အဆင်ပြေအောင် အထူး ပြုလုပ်ပေးထားပါတယ်ဗျ Trekking တစ်ရက်လုံးအချိန်ပေးချင်တဲ့ဧည့်သယ်တော်တွေအတွက်က တစ်ရက်ကို တစ်ယောက် ၃၅၀၀၀ Home stay- နေ့လည်စာ အပါအ၀င်(တစ်ယောက်ထဲလည်းထိုဈေးနှုန်းနဲ့သွားပါတယ်ဗျ) half day trekking - sight -seeing နဲ့တွဲသွားချင်တဲ့ဧည့်သည်တော်တွေအတွက်က တစ်ယောက်ကို ၅၅၀၀၀ နေ့လယ်စာ-တစ်ညတာ home stay အပါအ၀င် ( ၃ယောက်နဲ့စတင် လက်ခံပါတယ်ဗျ) (ရွာငံ)မိန်းမရဲတောင် - ရေပြာကန် -တောကျယ်ရေတံခွန်-ပင်းတယ ခရီးစဉ်ကိုသွားမဲ့ဧည့်သယ်တော်တွေအတွက်က တစ်ယောက်ကို ၅၅၀၀၀ကျပ် တစ်ညတာ Home stay ပါဝင်မှာပါဗျ မှတ်ချက် -အစားအသောက် ကိုယ့်အစီအစဉ်ဖြင့်သာ (Car trip ကတော့ လူ၃ယောက်ကနေလက်ခံပါတယ်ဗျ) အခုပြောပြထားတဲ့ ခရီးစဉ် Trekking -Sight-seeing -Car trip တွေအကုန်လုံးစိတ်ဝင်စားတဲ့ဧည့်သည်တော်တွေကတော့ ၁ညအိပ် ၂ရက်ခရီးစဉ်လေးဖစ်သွားပြီးတစ်ယောက်ကို ၁၃၀၀၀၀ ကျပ်ပဲကျမှာပါဗျ မနက်စာ-နေ့လယ်စာ -တစ်ညတာ home stay အပါအ၀င်ပါဗျ ဧည့်သယ်တော်၃ယောက်ကနေလက်ခံပြီးသွားမှာပါအဲ့ခရီးစဉ်တွေပြီးလို့ နောက်ထက်ခရီးစဉ်တွေစိတ်ဝင်စားသေးလျှင်Kalaw Traveller Group ကနေ ချိုသာတဲ့ဈေးနှုန်းနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကိုလည်းပေးသွားမယ်တဲ့ (ဒါက ကိုယ်စုံစမ်းထားတာလေး ပြောပြတာပါ)
အာ့လိုမသွားချင်ဘဲ ကားတွေဆိုင်ကယ်တွေဘဲငှားမယ်ဆိုလဲ စီစဉ်ပေးပါတယ် ၀၉၂၆၅၈၅၂၂၂၇ ၀၉၇၆၈၁၄၉၇၉၁ တို့ကိုဆက်သွ် မေးမြန်းလို့ရပါတယ် နာမည်က ကိုဖြိုးပါ
ကိုယ်တွေက ကားရောဆိုင်ကယ်ရော ငှားထားတယ် သဘောလဲကောင်း ဈေးလဲလျော့ပေးထားတယ်
ကားတစ်ရက် ဆိုင်ကယ် ၃ စီးက တစ်ရက်ငှားထားတယ် အားလူံးပေါင်းမှ ၁၁၀၀၀၀ ဆိုတော့
တစ်ယောက်မှ ၁၈၅၀၀ပဲ ပေးရတယ်ဆိုတော့ ၁ည အိပ် ၂ရက်ထရီးကို အားလုံးပေါင်းမှ တစ်ယောက်ကို ၅၄၅၀၀ကျပ် လောက်ဘဲကုန်မှာလို့ (အစားအသောက်မပါဘူးနော်) အစားကတော့ စားရင်စားသလိုကုန်မှာမို့ ချွေတာရမယ်နော်
ကဲ ဘက်ဂျက်နဲ့ ခရီးသွားကြမယ့် သူများအားလုံး ဆင်ပြေကြပါစေနော်

                                          လေးစားချစ်ခင်စွာဖြင့်   (Linn Arr Yone)







ကလော ခရီးလေးက သာယာလိုက်တာဗျာ ကလော ခရီးလေးက သာယာလိုက်တာဗျာ Reviewed by Unknown on 8:49 PM Rating: 5

No comments:

Theme images by ozgurdonmaz. Powered by Blogger.