ဇနီးသည်မှ အစားတစ်လုတ်ဖြင့် ယောက်ကျားဖြစ်သူအား တူဖြင့်ရိုက်ခြငါး

ကိုယ့်ယောင်္ကျားကို လုပ်ရက်လိုက်တာ  ဘာမဟုတ်တဲ့အစားလေးတစ်လုတ်နဲ့
😒😒😒😒

တောင်ဥက္ကလာပမြို့နယ်တွင်ခင်ပွန်းကို ဇနီးက တူနှင့်ရိုက်နှက်မှုဖြစ်ပွား
===========   ===========   
မေလ(၃)ရက်

ရန်ကုန်တိုင်းတောင်ဥက္ကလာမြို့နယ်(၇)ရပ်ကွက်တွင်မေလ(၃)နေ့နံနက်က လင်မယားချင်း နံနက်စာစားရာမှ ခင်ပွန်းကို ဇနီးက တူနှင့်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းဇနီးမောင်နှံနှစ်ဦးသည် နေအိမ်၌ နံနက်စာ နန်းကြီးသုပ် စားကြရာ ခင်ပွန်းဖြစ်သူက ကြက်သားတုံးနှစ်တုံးကို ဆက်တိုက်စားမိသောကြောင့် ၎င်းအတွက် မချန်ရကောင်းလားဟုဆိုကာ အသက် ၂၄ နှစ်ခန့်အရွယ် ဇနီးဖြစ်သူက နန်းကြီးသုပ် စားသည့်တူဖြင့် ခင်ပွန်းနဖူးကို ဖတ်ကနဲ ဖတ်ကနဲ နှစ်ချက်ဆင့် ရိုက်ခဲ့၍ အသက် ၃၀ နှစ်ခန့်အရွယ် ခင်ပွန်း ဖြစ်သူသည် နဖူးပြောင်ပြောင်တွင် ဒဏ်ရာတစ်ချက်၊ လည်ပင်းနှင့် ယာဘက်ပခုံးတို့တွင် နန်းကြီး မုန့်တီဖတ်များ အနည်းငယ် ပေပွခဲ့ကြောင်း  တောင်ဥက္ကလာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။😂😂😂😂😂

Credit
ဇနီးသည်မှ အစားတစ်လုတ်ဖြင့် ယောက်ကျားဖြစ်သူအား တူဖြင့်ရိုက်ခြငါး ဇနီးသည်မှ အစားတစ်လုတ်ဖြင့် ယောက်ကျားဖြစ်သူအား တူဖြင့်ရိုက်ခြငါး Reviewed by Unknown on 8:35 PM Rating: 5

No comments:

Theme images by ozgurdonmaz. Powered by Blogger.