တကယ်တော. ငါဟာ အဝေးကနေပဲ စွယ်ယောင် ပြခွင်.ရတဲ. တစ္ဆေ တစ်ကောင်ပေါ.။အချစ်ကို မှော်အတတ်နဲ. မပြုစားတတ်တော.လည်း စိတ်ကူးတွေပဲ မီးခိုးလိုမှုတ်ထုတ် ဒီလိုနဲ. ငုတ်တုတ် မိုးလင်းခဲ.ရတဲ.ညတွေများပြီ...။
တစိမ်းပြင်ပြင် ပင်လယ်ထဲ ကမ်းဝေးလှေလေးလို မျှောလွင်.။ လှိုင်ထိပ်ခေါင်တင် ရဲ. ဘောလယ်ထဲ က စာသားတချို.ကို ရွေးထုတ်တော. “မကြင်သူ စိမ်းတယ်လေး ”လှိုင်းတွေ က ပုတ်တယ်။ဘ၀ မှာ အချစ်နဲ.ပက်သက်လာတိုင်း ယက်ကန် ယက်ကန် တကယ်တော. ငါ ဟာ ပက်လက်လှန် ခံလိုက်ရတဲ. လိပ်တစ်ကောင်ပေါ့......။
မာန အဆိပ်အတောက်တွေနဲ. ဘ၀ ကို အလျားလိုက်တွားသွား။အချစ် မြွေပါ ရဲ. ဆော.ကစားမှု အောက်မှာ တွန်သံ ဂီတတွေ တစ်စစီ ပျောက်ရှခဲ.ရ... ချွန်ထက်ခဲ.တဲ. မျှော်လင်.ချက်တွေ မီးပျက်မောင်းကျိုး တကယ်တော. ငါဟာ အစွယ်ချိုးခံရတဲ. မြွေ တစ်ကောင်ပေါ့.....။
ဘ၀မာယာ တောနက်ထဲ ယဉ်တစ်ကိုယ်စာ ဖြူစင်ခဲ.တာတောင် ဘယ်ပိုက်မှ တိုးမလာ။ သတိနားရွက်ကလေး တထောင်ထောင်နဲ. ဟိုဒီပြေးဆော. အချစ်မုဆိုးရဲ. ကျော.ကွင်းမှာလဲ မိရော ဟုတ်ဟုတ် မဟုတ်ဟုတ် ချိုပေစွ လို. သမုတ် တကယ်တော. ငါဟာ ဟင်းချိုအလုပ်ခံ ရ တဲ. ယုန်တစ်ကောင်ပေါ့....။
တကယ်တော. ငါ ဟာ ရင်ခွင် အပေါက်နဲ. အချစ်ကောက် နေရတဲ.ကောင်ပေါ့။အချစ်ဆိုတာမျိုးကလဲ လှူလို.တန်းလို.ရတဲ. ပစ္စည်းမျိုးမဟုတ်လေတော. ငါ.မှာ အမိတ္တာပုံ လေးကို အကြောင်းပြ ဇူဇကာ ပုဏ္ဏားလို အလှူခံကြွ လို.မရဘူး။ ခေါင်းလောင်းထိုးရေစက်ချ “အမျှအမျှ” ဟဲ.လို. ပေးဝေ မယ့်သူ မရှိခဲ.ဘူး....။
င့ါမာနများသာ
Reviewed by Unknown
on
3:08 PM
Rating:
No comments: